မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍

အဓိက တာဝန်ရှိသူများသို့ တောင်းဆိုချက်

(Unicode)

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး၏ ဘေးအန္တရာယ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်ဆိုင်နေရသည့် အချိန်တွင် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများသည် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို ထိပါးနိုင်သည့်အပြင် မြန်မာတစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် များစွာ အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ဂျဲန်ဒါတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်နေကြသော မိမိတို့ အဖွဲ့အစည်းများ/ ကွန်ရက်များအနေဖြင့် ရှုမြင်မိပါသည်။ 

တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ပြည်သူအများ၏ ဆန္ဒနှင့် ရွေးချယ်မှုကို အလေးပေးရန် အလွန်ပင် အရေးကြီးကြောင်း မိမိတို့အားလုံးက လေးလေးနက်နက် ထောက်ခံပါသည်။ အကြမ်းဖက်ခြင်း၊ အင်အားသုံး ဖိအားပေးခြင်းစသည့် ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီမှု မရှိသည့် နည်းလမ်းများကို အသုံးမပြုဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းသည် နိုင်ငံအတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှု အနည်းဆုံးနှင့် အသင့်လျော်ဆုံး နည်းလမ်းဖြစ်မည်ဟု မိမိတို့က လေးနက်စွာ ယုံကြည်ပါသည်။

တပ်မတော်၏  အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်သည့်ကိစ္စအပေါ် မိမိတို့အနေဖြင့် မထောက်ခံ၊ ကန့်ကွက်ကြောင်း အတိအလင်းသိစေအပ်ပြီး မိမိတို့အနေဖြင့် ပြည်သူအများစု၏ မဲဆန္ဒဖြင့် ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပါသည်။

ထို့ကြောင့် လက်ရှိအခြေအနေများကို ဖြေရှင်းရာတွင် တန်းတူညီမျှမှု၊ အားလုံးပူးပေါင်းပါဝင်မှု အစရှိသည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော နည်းလမ်းများကိုသာ ရွေးချယ်ပြီး အများပြည်သူ၏ သဘောထားဆန္ဒကို အလေးအနက်ထားကာ ဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူ ခေါင်းဆောင်အသီးသီးအား မိမိတို့အားလုံးက အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ 

 

၁။ Alliance for Gender Inclusion in Peace Process (AGIPP)

၂။ CEDAW Action Myanmar (CAM)

၃။ Gender Equality Network (GEN)

၄။ Women’s Organizations Network of Myanmar (WON)

ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍

အဓိက တာဝန္ရွိသူမ်ားသို႔ ေတာင္းဆိုခ်က္

(Zawgyi-One)

 

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္

ယခုကဲ့သို႔ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုး၏ ေဘးအႏၲရာယ္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ရင္ဆိုင္ေနရသည့္ အခ်ိန္တြင္ ႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနေသာ ႏိုင္ငံေရးအေျခအေနမ်ားသည္ ျပည္သူမ်ား၏ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကို ထိပါးႏိုင္သည့္အျပင္ ျမန္မာတစ္ႏိုင္ငံလုံး၏ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ေရး လုပ္ငန္းစဥ္မ်ားအတြက္ မ်ားစြာ အေႏွာင့္အယွက္ျဖစ္ႏိုင္သည္ဟု ဂ်ဲန္ဒါတန္းတူညီမွ်ေရးႏွင့္ အမ်ိဳးသမီးအခြင့္အေရးအတြက္ လႈပ္ရွား ေဆာင္႐ြက္ေနၾကေသာ မိမိတို႔ အဖြဲ႕အစည္းမ်ား/ ကြန္ရက္မ်ားအေနျဖင့္ ရႈျမင္မိပါသည္။ 

တစ္ႏိုင္ငံလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရး၊ တန္းတူညီမွ်ေရးႏွင့္ စစ္မွန္ေသာ ဒီမိုကေရစီစနစ္ ထြန္းကားေရးတို႔အတြက္ ျပည္သူအမ်ား၏ ဆႏၵႏွင့္ ေ႐ြးခ်ယ္မႈကို အေလးေပးရန္ အလြန္ပင္ အေရးႀကီးေၾကာင္း မိမိတို႔အားလုံးက ေလးေလးနက္နက္ ေထာက္ခံပါသည္။ အၾကမ္းဖက္ျခင္း၊ အင္အားသုံး ဖိအားေပးျခင္းစသည့္ ဒီမိုကေရစီ စည္းမ်ဥ္းစည္းကမ္းမ်ားျဖင့္ ကိုက္ညီမႈ မရွိသည့္ နည္းလမ္းမ်ားကို အသုံးမျပဳဘဲ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ၿငိမ္းခ်မ္းစြာ ေစ့စပ္ညႇိႏႈိင္း အေျဖရွာျခင္းသည္ ႏိုင္ငံအတြက္ ထိခိုက္နစ္နာ ဆုံးရႈံးမႈ အနည္းဆုံးႏွင့္ အသင့္ေလ်ာ္ဆုံး နည္းလမ္းျဖစ္မည္ဟု မိမိတို႔က ေလးနက္စြာ ယုံၾကည္ပါသည္။

တပ္မေတာ္၏ အေရးေပၚအေျခအေနေၾကညာခ်က္ ထုတ္ျပန္သည့္ကိစၥအေပၚ မိမိတုိ႔အေနျဖင့္ မေထာက္ခံ၊ ကန္႔ကြက္ေၾကာင္း အတိအလင္းသိေစအပ္ျပီး မိမိတုိ႔အေနျဖင့္ ျပည္သူအမ်ားစု၏ မဲဆႏၵျဖင့္ ေရြးေကာက္ပြဲရလဒ္ကုိသာ လက္ခံပါသည္။

ထို႔ေၾကာင့္ လက္ရွိအေျခအေနမ်ားကို ေျဖရွင္းရာတြင္ တန္းတူညီမွ်မႈ၊ အားလုံးပူးေပါင္းပါဝင္မႈ အစရွိသည့္ ဒီမိုကေရစီ စံႏႈန္းမ်ားႏွင့္ ကိုက္ညီသည့္ အျပဳသေဘာေဆာင္ေသာ နည္းလမ္းမ်ားကိုသာ ေ႐ြးခ်ယ္ၿပီး အမ်ားျပည္သူ၏ သေဘာထားဆႏၵကို အေလးအနက္ထားကာ ေဆာင္႐ြက္ေပးပါရန္ သက္ဆိုင္ရာ တာဝန္ရွိသူ ေခါင္းေဆာင္အသီးသီးအား မိမိတို႔အားလုံးက အေလးအနက္ တိုက္တြန္း ေတာင္းဆိုအပ္ပါသည္။ 

၁။ Alliance for Gender Inclusion in Peace Process (AGIPP)

၂။ CEDAW Action Myanmar (CAM)

၃။ Gender Equality Network (GEN)

၄။ Women’s Organizations Network of Myanmar (WON)



back