၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်န့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာဒေါ်မေစပယ်ဖြူသည် ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေးမဟာမိတ်အဖွဲ့၏ ဥက္ကဌတစ်ဦးအနေဖြင့် နေပြည်တော်၊ Kempinski ဟိုတယ်တွင် Inter-parliamentary Union မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် လွှတ်တော်၏ အခန်းကဏ္ဍဆွေးနွေးပွဲအား တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆရာမသည် အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မှ မချန်ထားခဲ့ခြင်းသည် ဘာ့ကြောင့်အရေးကြီးသလဲခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စိတ်ဝင်စားသည့် နိုင်ငံတော်အဆင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 



back