၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ဗန်းမော်မြို့တွင် ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် လူ့အခွင့်အရေးနှင့်ပတ်သတ်ပြီး ပညာပေးဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဒိုင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့ပါသည်။ ၎င်းအပြင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ထုတ်ဝေထားသည့် IEC Materials များကိုလည်း တက်ရောက်လာသူများအား မျှဝေခဲ့ပါသည်။

 



back