ညီမျှခြင်းမြန်မာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ သခင်မြပန်းခြံတွင် ဦးဆောင်ကျင်းပခဲ့သော (၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခမ်းအနားတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့်လည်း ပါဝင်ခဲ့ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေး”ဖြစ်ပါသည်။ အရပ်ဖက်အဖွဲ့အစည်းများ၊ NGO များစွာ ပါဝင်ခဲ့ကြပြီး ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့်လည်း အသိပညာပေးပြခန်းတစ်ခု ဖွင့်လှစ်ခဲ့ကာ အသိပညာပေးစာစောင်များ မျှဝေပေးခဲ့ပါသည်။ ယခုလိုအခမ်းအနားတွင် ပါဝင်ခွင့်ရခဲ့သည့်အတွက်လည်း ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

 



back