အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဦးဆောင်ကာ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Generation Equality Stands Against Rape!” “မုဒိမ်းမှုများတားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ UNFPA, Deputy Representative ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ INGOs/ NGOs များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀၀ ဦး) ခန့်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် မှ ထုတ်ဝေထားသော (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စာစောင်များ၊ ဖဲကြိုးဖြူများ နှင့် အမှတ်တရလက်ဆောင်များ ဝေမျှခဲ့ပါသည်။

 



back