မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လမ်းညွှန်မှု၊ UNFPA ၏ ပံ့ပိုးကူညီမှုဖြင့် "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအကြို အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ" အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပညာရေးသုတေသန (စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ VAW TWG အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ Case Supervisor များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲပထမပိုင်းတွင် ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တင်ပြဆွေးနွေးခဲ့သည်။ ဒုတိယပိုင်းတွင် ဆရာမမေစပယ်ဖြူမှ ဦးဆောင်ကာ အုပ်စုများဖွဲ့၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်တာဆီးရေး ဝန်ဆောင်မှုများ၊ ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အဖွဲ့လိုက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 



back