ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် အစီရင်ခံစာ ပြုစုရေးနှင့်စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် UPR အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

 



back