ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် LGBT Rights Network, Colors Rainbow, Kings N Queens နှင့် ညီမျှခြင်းမြန်မာတို့မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် In The Shadow “မှောင်ရိပ်ထဲက ဘဝများ အစီရင်ခံစာ” အား မိတ်ဆက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာသည် နှစ်ဦးသဘောတူ လိင်တူချင်းဆက်ဆံသည့် အပြုအမူကို ရာဇဝတ်သင့်စေသည့် ရာဇသတ်ကြီး ပုဒ်မ- ၃၇၇ အပါအဝင် LGBTIQ များ အပေါ် ထိခိုက်နေသည့် ခေတ်နဲ့ဆီလျော်မှုမရှိသည့် ဥပဒေအား မီးမောင်းထိုးပြထားပါသည်။ နှစ်ရက်တာအတွင်းတွင် မြန်မာနိုင်ငံအနှံရှိ LGBT အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ လူအခွင့်အရေး လှုပ်ရှားနေသည့် အရပ်ဖက်အဖွဲ့အစည်းတွေများမှ ပညာရှင်များအပါအဝင် နီပေါ၊ မလေးရှားနိုင်ငံမှ LGBT အရေးကိစ္စဆောင်ရွက်နေကြသည့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။



back