ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် ၂၀၁၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဂျဲန်ဒါနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု အလုပ်ရုံဆွေးနွေးပွဲအား ဇာတ်သဘင်အဖွဲ့နှင့် တစ်ရက်တာပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်သဘင်အဖွဲ့အား ကိုဖိုးချစ်မှ ဦးဆောင်ခြင်းဖြစ်ပြီး လူရွှင်တော်များ၊ သီချင်းရေးဆရာများ၊ မင်းသမီးများ၊ အစီအဉ်တင်ဆက်သူများ၊ ဇာတ်ညွှန်းရေးဆရာများ၊ မင်းသား မင်းသမီးများ အပါအဝင် တက်ရောက်သူ (၄၀) ရှိခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ၁၆ ရက်တာ လှုပ်ရှားမှုအတွက် အကြိုပြုလုပ်ခြင်းဖြစ်ပြီး ဆရာမ နန်းဖြူဖြူလင်းမှ ဆွေးနွေးပွဲဖြစ်မြောက်စေရန် ပံ့ပိုးကူညီသူအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ တက်ရောက်သူများသည် ဂျဲန်ဒါ၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့် တွေ့မြင်ကြုံတွေ့နေရသည့် တရားသေသတ်မှတ်ချက်များအကြောင်းကို လေ့လာသင်ယူခဲ့ပါသည်။ တက်ရောက်သူများသည် ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး ၎င်းတို့၏ သဘောထားအမြင်များကိုလည်း တင်ပြခဲ့ကြပါသည်။

 



back