ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်ခဲ့သော ICAN’s 8th Annual Women, Peace and Security Forum အား တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သည် နော်ဝေအရပ်ဘက်အဖွဲ့အစည်း၊ မူဝါဒရေးဆွဲရေးဆွဲသူများနှင့် (၃၈) နိုင်ငံကျော်မှ Women’s Alliance for Security Leadership (WASL) အဖွဲ့ဝင်များအား စုစည်းဖိတ်ကြားထားခြင်းဖြစ်ပါသည်။ အဆိုပါ ၄ ရက်ကြာအခမ်းအနားသည် အစွန်းရောက်အကြမ်းဖက်မှုနှင့် ပဋိပက္ခဆိုင်ရာ အခြေအနေနှင့် ဦးတည်ရာများ၊ ရပ်ရွာအဆင့်တွင် ငြိမ်းချမ်းရေး၊ အခွင့်အရေးနှင့် လုံခြုံရေးတို့ကို မြှင့်တင်ရန်နှင့် အကြမ်းဖက်မှုအား လျော့ချရန် ထိရောက်သော နည်းဗျူဟာများ၊ နည်းစနစ်များနှင့် သက်ဆိုင်သည့် သင်ခန်းစာများကို မျှဝေခြင်းတို့အား အလေးထား ပြုလုပ်သွားခြင်းဖြစ်ပါသည်။ နိဝင်ဘာလ ၅ ရက်နေ့ ညနေခင်းတွင် တော်ဝင်မိသားစု၏ Her Royal Highness The Coutless of Wessex မှ ဗြိတိသျှသံရုံးတွင် တက်ရောက်သူများအား ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ကာ ရင်းနှီးစွာစကားပြောဆိုမိတ်ဆက်ခဲ့ပါသည်။

 



back