ကျား၊ မ ရေးရာ တန်းတူညီမ ျှရေးကွန်ရက်၏ နှစ်စဉ်ပြုလုပ်နေကျ Member Assembly အား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ကျိုက်ထိုမြို့ရှိ Golden Bliss resort ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၅၀) ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ခဲ့ပါသည်။ ပထမနေ့တွင် GEN မှ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကို တက်ရောက်လာသည့် အဖွဲ့ဝင်များအား တင်ပြခဲ့ပြီး အဖွဲ့ဝင်များမှလည်း မေးခွန်းများ မေးမြန်းခဲ့ပါသည်။ ညနေခင်းတွင် PSHEA policy launch တွင် GEN-CU ဝန်ထမ်းများမှ ဖျော်ဖြေတင်ဆက်ခဲ့သော ပြဇာတ်အား မကြည့်လိုက်ရသော အဖွဲ့ဝင်များအတွက် ပြန်လည်ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ပြဇာတ်အပြီးတွင် အဖွဲ့ဝင်များမှ အကယ်ဒမီဆုအတွက် မဲများပေးခဲ့ကြပြီး နှစ်ရက်တာကြာမြင့်သည့် Assembly ၏ ပထမနေ့သည် ပြဇာတ်တွင် ပါဝင်သူများအား ဆုများပေးခြင်းဖြင့် ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါသည်။

 



back