လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးမှူးသော ကျား၊မ ရေးရာ အခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားခဲ့ရသူများအတွက် ဝန်ဆောင်မှုများဖိုရမ်ကို မေလ ၉ရက်နေ့က နေပြည်တော် သင်္ဂဟဟော်တည်တွင် ကျင်းပခဲ့ပါတယ်။ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အစိုးရ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ CSO,NGO,INGO, UN နှင့် Development Partners များမှ ကိုယ်စားပြုပုဂ္ဂိုလ်များ အပါအဝင် တက်ရောက်သူပေါင်း ၂၃၀ ကျော်ရှိခဲ့ပြီး မိမိတို့အဖွဲ့အစည်းများ၏ ကျား၊မရေးရာအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ပေးအပ်နေသော ဝန်ဆောင်မှုများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မည့် အချက်အလက်များအားကောက်ယူဆွေးနွေးခဲ့ပါတယ်။ ထို့အပြင် ဝန်ဆောင်မှုပေးအပ်ရာတွင် လစ်ဟာချက်များနှင့် စိန်ခေါ်မှုများအား ဖော်ထုတ်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။



back