မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့်မိန်းကလေးငယ်များအနေဖြင့် လုပ်ပိုင်ခွင့်၊ တန်းတူအခွင့်အရေးများ ပိုမိုရရှိစေရန်နှင့် ကျား/မ ရေးရာ တန်းတူညီမျှမှုမြှင့်တင်ရေးဆောင်ရွက်ရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ဒေသ န္တရ အစိုးရများအကြားပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် EU မှငွေကြေးထောက်ပံံ့သော စီမံကိန်းအသစ် မိတ်ဆက်ခြင်း အခမ်းအနားအား မတ်လ ၃၀ ရက် သောကြာနေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပခဲ့ပါသည်။

           အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ European Union မှ Ambassador နှင့်ကိုယ်စားလှယ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ မီဒီယာများ စသဖြင့် စုစုပေါင်း ( ၁၀၃ ) တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် Mr. Kristian Schmidt, Ambassador of EU မှ အဖွင့်စကားပြောခဲ့ပြီး၊ ဒေါက်တာကေသီမြင့်သိန်း (GEN), Mr. Mani Kumar (DCA-NCA), မစုစုငယ် (Pyoe Pin Institute) တို့မှလည်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့အပြင် "Empowered Civil Society Organisations and Local Authorities Promoting Gender Equality in Myanmar through National Mechanism" ခေါင်းစဉ်ဖြင့် ကိုနေလင်းထိုက် (Equality Myanmar) မှ ဦးဆောင်ကာစကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒေါ်မိုးမိုးမင်း (လူမှုဝန်ထမ်းဦးစီးဌာန)၊ ဒေါ်ပန်စီထွန်းသိန်း (GEN), ဒေါ်နွယ်ဇင်ဝင်း (ပြည်ကြီးခင်)၊ Mrs. Jasmine Burnley (Oxfam in Myanmar) တို့မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဒေါက်တာထက်ဝေဦး (Project Manager, GEN) မှ ဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ညနေပိုင်းတွင်လည်း ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဆွေးနွေးကာ စီမံကိန်းနှင့်ပတ်သက်ပြီး အကြံပြုချက်များ ရယူခဲ့ပါသည်။



back