ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အဖွဲ့ဝင်များ၏ ကိုယ်စားပြုမှုအား ညီမ ျှစွာ ရရှိနိုင်ရန်အတွက် အောက်ပါ အဖွဲ့ဝင်အမျိုးအစားများထဲမှ အဖွဲ့ဝင် (၁၁) ဦးဖြင့် ပဲ့ကိုင်ကော်မတီအား ဖွဲ့စည်းထားပါသည်။
- NGO/CSO အဖွဲ့ဝင် (၄) ဦး
- NGO အဖွဲ့ဝင် (၄) ဦး
- ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၃) ဦး
ပဲ့ကိုင်ကော်မတီဝင်များ၏ သက်တမ်းမှာ (၂) နှစ်ဖြစ်ပြီး ၎င်းတို့သည် သက်တမ်းနှစ်ခုထိဆက်တိုက် ဝင်ရောက်အရွေးချယ်ခံနိုင်ပါသည်။ ပဲ့ကိုင်ကော်မတီဝင်များထဲရှိ မတူညီသော အဖွဲ့ဝင်အုပ်စုများထဲမှ ပူးတွဲသဘာပတိ (၂) ဦးအား ရွေးချယ်ပြီး ၎င်းတို့သည် ယခင်သက်တမ်းနှင့်မသက်ဆိုင်ပဲ နောက်ထပ် သက်တမ်း (၂) နှစ် တာဝန်ယူဆောင်ရွက်ရပါသည်။ ပဲ့ကိုင်ကော်မတီဝင်များသည် တစ်လတွင် အနည်းဆုံးတစ်ကြိမ်ခန့် တွေ့ဆုံလေ့ရှိပြီး များသောအားဖြင့် ထိုရက်သည် လစဉ်အစည်းအဝေးကျင်းပသည့်ရက်နှင့် တစ်ရက်တည်းဖြစ်လေ့ရှိပါသည်။