၁ Meeting Space တွင် အများဆုံး လူဦးရေ ၅၀ အထိ အသုံးပြုနိုင်ပါသည်။
၂ Meeting Space ကို ငှားရမ်းအသုံးပြုရာတွင် ငှားရမ်းသူသည် Non-member ဖြစ်ပါက တစ်နေ့တာ (ကြာချိန် - ၈ နာရီ) အသုံးပြုခြင်းအတွက် မြန်မာကျပ်ငွေ တစ်သိန်းခွဲ (၁၅၀၀၀၀ ကျပ်) သို့မဟုတ် နေ့တစ်ပိုင်း (ကြာချိန် - ၄ နာရီ) အသုံးပြုခြင်းအတွက် မြန်မာကျပ်ငွေ ရှစ်သောင်း (၈၀၀၀၀ ကျပ်) ပေးချေရပါမည်။
၃ Meeting Space ကို ငှားရမ်းအသုံးပြုမည်ဆိုပါက အောက်ပါဝန်ဆောင်မှုများ ရရှိမည် ဖြစ်ပါသည် - Tissue Box များ၊ Flip Chart အရွက် ၁ဝ ရွက်၊ Flip Chart Stand ၂ ခု၊ White Board ၁ ခု၊ Projector နှင့် Projector Screen၊ Air-Conditioner နှင့် Water Cooler များ အသုံးပြုနိုင်ခြင်း၊ လေးထောင့်စားပွဲခုံ ၁၀ ခုံနှင့် ထိုင်ခုံ ၅၀ လုံး။
၄ Resource Center တွင် ငှားရမ်းအသုံးပြုမည်ဆိုပါက အသုံးပြုမည့် ခုံများ၊ စားပွဲများကို Resource Center ဘက်မှ ခင်းကျင်းပေးမည်ဖြစ်ပါသည်။
၅ လိုအပ်ပါက Resource Center ရှိ မိတ္တူစက်တွင် A4 စာရွက် ၁ဝ ရွက် (စာမျက်နှာ ၂ဝ) အထိ Print ထုတ်ခြင်းနှင့် မိတ္တူကူးခြင်း ပြုလုပ်နိုင်ပါသည်။ ထိုအရေအတွက်ထက်ပိုပါက မိတ္ထူကူးခ နှစ်မျက်နှာပါ တစ်ရွက်လျှင် ၂၅ ကျပ်နှင့် တစ်မျက်နှာ တစ်ရွက်လျှင် ၂ဝ ကျပ် ကောက်ခံမည် ဖြစ်ပါသည်။
၆ Meeting Space ကို ငှားရမ်းအသုံးပြုလိုပါက Request Form တွင် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပြီး ရုံးဖွင့်ရက် အနည်းဆုံး ၅ ရက် ကြိုတင်အကြောင်းကြားပေးရန် လိုအပ်ပါသည်။
၇ Meeting Space ကို ငှားရမ်းအသုံးပြုရာတွင် အသုံးပြုလိုသော ပစ္စည်းများကို Resource Center ရှိ ဝန်ထမ်းတစ်ယောက်နှင့် ငှားရမ်းသည့်အဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးတို့အတူ စစ်ဆေးပြီးမှ လက်ခံအသုံးပြုရမည်။
၈ Resource Center ရှိ Projector နှင့် Projector Screen၊ Air-Conditioner နှင့် Water Cooler များနှင့် လိုက်ကာများအား အသုံးပြုရာတွင် သတိထား၍ ဂရုပြု အသုံးပြုပေးကြပါရန်နှင့် ရွေ့ပြောင်းပြင်ဆင်လိုပါက Resource Center ရှိ သက်ဆိုင်ရာ ဝန်ထမ်းများအား အကြောင်းကြားပေးရန် လိုအပ်ပါသည်။
၉ Resource Centre ရှိ နံရံများ၊ လိုက်ကာများပေါ်တွင် Double Tape များ အသုံးပြုခြင်းကို လုံးဝခွင့်မပြုပါ။
၁၀ Meeting Space ကို ငှားရမ်းအသုံးပြုပြီးသည့်အခါ အမှိုက်များနှင့် ပစ္စည်းများအား စနစ်တကျ သိမ်းဆည်း စွန့်ပစ်ပေးပါရန်နှင့် အသုံးပြုထားသည့် Resource Center ရှိ ပစ္စည်းများကို စီစစ်ပြီး ပြန်လည်အပ်နှံပေးရန် လိုအပ်ပါသည်။
၁၁ Meeting Space ကို ငှားရမ်းအသုံးပြုသည့်အခါ Resource Center ရှိ ပစ္စည်းများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ပါက Resource Center မှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပြန်လည်ပေးလျော်ရမည်။